back

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကာလမှစ၍ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိနေ

Feb 12 • 1:39 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကာလမှစ၍ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိနေ

မွန်ပြည်နယ် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးကောက်ပွဲကာလမှစ၍ လျှပ်စစ်မီးပြတ်တောက်မှုနည်းလာပြီး လက်ရှိတွင်၂၄ နာရီနီးပါး မီးရရှိနေကြော...

မွန်ပြည်နယ် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးကောက်ပွဲကာလမှစ၍ လျှပ်စစ်မီးပြတ်တောက်မှုနည်းလာပြီး လက်ရှိတွင်၂၄ နာရီနီးပါး မီးရရှိနေကြောင်း လျှပ်စစ်ဓါတ်အား အသုံးပြုသူများက ပြောသည်။၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ရပ်ကွက်နှင့်ကျေးရွာများသို့ ဖြန့်ဖြူးပေးနေရာမှ ယခုတွင် အချိန်ပြည့်နီးပါး ရရှိလာခြင်းဖြစ်ပြီး ဆိုလာအသုံးပြု၍ လည်ပတ်နေရသည့်လုပ်ငန်းများ လွယ်ကူအဆင်ပြေလာသည်ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။“မီးက ၄ နာရီခြား၊ ၆ နာရီခြားကနေ အခုပျက်ချိန်တောင်မရှိဘူးမှန်နေတယ်၊ မနှစ်ကဆိုအလုပ် နားလိုက်ပြန်လုပ်လိုက်ပဲ၊ ဆိုလာနဲ့သုံးနေရတယ်။ မနှစ်ကဆိုရင် နွေရာသီမှာရေကလည်း ခမ်းသွားတဲ့အတွက် မီးကအလှည့်ကျပေးတယ် ဒီနှစ်ကအဲ့လိုမဟုတ်ပဲနဲ့ထူးထူးခြားခြားပဲ စက်မှုလုပ်ငန်းက မီတာသီးခြား၊ လုပ်ငန်းသုံးမီတာဖြစ်သွားတာ ” ဟု ပြောသည်။

news-view-count-icon

30