back

ကချင်ပြည်နယ်၊မိုးညှင်း၌ အေးချမ်းသာယာမေတ္တာပေါင်းကူးတံတား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့

Feb 12 • 1:38 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးညှင်း၌ အေးချမ်းသာယာမေတ္တာပေါင်းကူးတံတား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံအုပ်စု၊ သာယာကုန်းကျေးရွာအတွင်းရှိ ပြည်နယ်နှင့် ပြည်မကို အဆင်ပြေချောမွေ့စွာ ဆက်သွယ်ပေးမည့် “အေးချမ်းသာယာမေတ္တာပေါင်းကူးတံတ...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံအုပ်စု၊ သာယာကုန်းကျေးရွာအတွင်းရှိ ပြည်နယ်နှင့် ပြည်မကို အဆင်ပြေချောမွေ့စွာ ဆက်သွယ်ပေးမည့် “အေးချမ်းသာယာမေတ္တာပေါင်းကူးတံတား” သစ်ကြီးကို ယမန်နေ့၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။အဆိုပါ တံတားသစ်ကြီးသည် အလျား (၁၂၀) ပေ နှင့် အနံ (၁၅) ပေ ရှိကာ ဒေသခံပြည်သူများ၏ သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပေါင်းကူးတံတားတစ်ခုအဖြစ် အသစ်တဖန် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။တံတားဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် (၈:၀၀) နာရီမှ စတင်ကာ နေ့လယ် (၁၂:၀၀) နာရီအထိ ကျင်းပခဲ့ပြီး၊ ဒေသခံပြည်သူများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပျော်ရွှင်ကြည်နူးစွာဖြင့် တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။ ယခုကဲ့သို့ အေးချမ်းသာယာမေတ္တာပေါင်းကူးတံတားကြီး ပေါ်ထွန်းလာခြင်းကြောင့် သာယာကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသရှိ မိဘပြည်သူများအတွက် သွားလာရေး အခက်အခဲများ ပြေလည်သွားတော့မည် ဖြစ်ပါသည်။

news-view-count-icon

21