back

နည်းပြသက်တမ်းတစ်လျှောက် အခက်ခဲဆုံးရာသီနဲ့ ရင်ဆိုင်နေရကြောင်း အာနယ်ဆလော့ ဝန်ခံပြောကြား

Feb 12 • 1:40 AM

breaking-news

Myanmar

International

cover

နည်းပြသက်တမ်းတစ်လျှောက် အခက်ခဲဆုံးရာသီနဲ့ ရင်ဆိုင်နေရကြောင်း အာနယ်ဆလော့ ဝန်ခံပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အခုရာသီဟာ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အခက်ခဲဆုံးရာသီနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။နယ်သာလန်နည်းပြ အာနယ်ဆလေ...

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အခုရာသီဟာ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အခက်ခဲဆုံးရာသီနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။နယ်သာလန်နည်းပြ အာနယ်ဆလော့ဟာ ၂၀၂၄ နွေရာသီမှာ ဖီယင်နုကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် ရုန်းကန်ရဖွယ်ရှိနေပါတယ်။အာနယ်ဆလော့က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခြင်းမရှိခဲ့ရင် လီဗာပူးလ်အသင်းရဲ့ နည်းပြထိုင်ခုံပေါ် ဆက်ရှိဖို့ မသေချာကြောင်းလည်း ပြောကြားခဲ့ပါတယ်။အသက်(၄၇)ရှိပြီဖြစ်တဲ့ အာနယ်ဆလော့ဟာ ၂၀၁၆ ခုနှစ်မှာ နည်းပြလောကကို စတင်ဝင်ရောက်ခဲ့ပြီး အယ်လ်ခမာ၊ ဖီယင်နုအသင်းတွေကတစ်ဆင့် လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့တာပါ။

news-view-count-icon

23