back

မကွေးတိုင်း၊မင်းလှမြိုနယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကျင်းပ

Feb 12 • 1:28 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊မင်းလှမြိုနယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမဝန်းအတွင်း၌ ကျ...

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမဝန်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။မင်းလှမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ အသင်း အဖွဲ့(၈)သင်း ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

news-view-count-icon

21