မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့်နံရံကပ်စာစောင်/ စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။ထို့နောက် ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများကတက်ရောက်လာကြသော ကျောင်းသား/သူ များအား (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်၊ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်အသိပညာပေး နံရံကပ် ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများကလက်ဆောင်ပစ္စည်းများပေးအပ်ကြောင်း သိရသည်။



