ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်း မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ် ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွှဲ (၂)နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများဖြစ်ကြသည့် စကားပုံဆက်ပြိုင်ပွဲ၊ဘောလုံးပေါက်ပြိုင်ပွဲ၊ခါးကွင်းလှည့်ပြိုင်ပွဲနှင့်ဘယ်ခြေညာလက်ပြိုင်ပွဲများအား ပျော်ရွှင်စွာကစားခဲ့ကြကြောင်းသိရပါသည်။ယင်းအခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ
Feb 12 • 1:27 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


