back

ထိုင်းတွင် ကျောင်းတစ်ကျောင်းကို လူငယ်တစ်ဦး ဝင်ရောက်စီးနင်း ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

Feb 11 • 4:14 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ကျောင်းတစ်ကျောင်းကို လူငယ်တစ်ဦး ဝင်ရောက်စီးနင်း ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

ထိုင်းနိုင်ငံ၊ Songkhla ပြည်နယ် Hat Yai ရှိ Patong Than Khiri Wat School ကို အသက် ၁၈ နှစ်အရွယ် သေ_န_တ်သမားတစ်ဦးက ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းအုပ်ကြီးကို သေ_န_...

ထိုင်းနိုင်ငံ၊ Songkhla ပြည်နယ် Hat Yai ရှိ Patong Than Khiri Wat School ကို အသက် ၁၈ နှစ်အရွယ် သေ_န_တ်သမားတစ်ဦးက ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းအုပ်ကြီးကို သေ_န_တ်နဲ့ ပ-စ်ခ-တ်ကာ ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထားမှု ဒီကနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်) မှာ ဖြစ်ပွားခဲ့ပါတယ်။ သတင်းတွေအရ သံသယရှိသူဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သေ_န_တ်ကို ခိုးယူကာ ဆိုင်ကယ်နဲ့ ကျောင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သေ_န_တ်သမားက ကျောင်းထဲကို ဝင်ရောက်စီးနင်းပြီး ကလေးတွေကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးကာ ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးကို သေ_န_တ်နဲ့ ၂ ချက် ပ-စ်ခ-တ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျောင်းသား ၃၀၀ ကျော်ကို ဆက်လက် ဖ-မ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ကျောင်းဝင်းကို ဝိုင်းရံထားပြီး ဒဏ်ရာရရှိသူ ကျောင်းအုပ်ကြီးကို ကယ်ထုတ်ကာ ဆေးရုံပို့ဆောင်ပေးထားပါတယ်၊ ဒါပေမဲ့ သေ_န_တ်သမားက ဓ-ားစာခံတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆန်နေပြီး ရံဖန်ရံခါ သေ_န_တ်ပစ်ဖောက်နေတာကြောင့် တာဝန်ရှိသူတွေက အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။



news-view-count-icon

20