ဗီယက်နမ်မှ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ EVN သည် LNG ဓာတ်အားစက်ရုံတည်ဆောက်ရန်အတွက် PowerChina နှင့် Lilama တို့၏ အကျိုးတူ ပူးပေါင်းသည့် ကုမ္ပဏီစုသို့ ကန်ဒေါ်လာ ၉၇၄ သန်းတန်ဖိုးရှိ ကန်ထရိုက်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း EVN က ကြေညာချက် ထုတ်ပြန်သည်။ အလယ်ပိုင်း Quang Tri ပြည်နယ်ရှိ Quang Trach II စက်ရုံသည် မဂ္ဂါဝပ် ၁,၆၁၂ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း EVN က ကြေညာချက်တွင် ဖော်ပြသည်။ စက်ရုံသည် ၂၀၃၀ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်မည်။ General Electric Vernova မှ တာဘိုင်များကို အသုံးပြုမည်ဟု EVN က ပြောကြားသည်။



