back

ထိုင်းအစိုးရက ဗီဇာ မူဝါဒတွေကို ပြင်ဆင်မည်

Feb 11 • 4:13 PM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ဗီဇာ မူဝါဒတွေကို ပြင်ဆင်မည်

ထိုင်းအစိုးရအဖွဲ့ဟာ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး ခရီးသွားတွေ၊ အဝေးရောက် အလုပ်လုပ်သူတွေ (Digital Nomads)၊ ကျောင်းသားတွေနဲ့ အငြိမ်းစားယူမယ့်သူတွေက...

ထိုင်းအစိုးရအဖွဲ့ဟာ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး ခရီးသွားတွေ၊ အဝေးရောက် အလုပ်လုပ်သူတွေ (Digital Nomads)၊ ကျောင်းသားတွေနဲ့ အငြိမ်းစားယူမယ့်သူတွေကို ဆွဲဆောင်နိုင်မယ့် ဗီဇာမူဝါဒ အပြောင်းအလဲတွေကို ပြုလုပ်ဖို့ အတည်ပြုလိုက်ပါတယ်။ ရေတိုစီမံချက်အနေနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၉၃ ခုက နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ အထိ လာရောက်လည်ပတ်ခွင့် ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၃၁ နိုင်ငံက ခရီးသွားတွေအနေနဲ့ ဆိုက်ရောက်ဗီဇာ (VoA) ရယူနိုင်ပြီး နောက်ထပ် ၈ နိုင်ငံကိုလည်း ထပ်တိုးဖို့ စီစဉ်နေပါတယ်။ လက်ရှိရှိနေတဲ့ ဗီဇာအမျိုးအစား ၁၇ ခုကို ၇ ခုအထိ လျှော့ချသတ်မှတ်သွားမှာ ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့မှာ အပြည့်အဝ စတင်မှာပါ။ ဒါပေမဲ့ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး တရားမဝင် အလုပ်လုပ်ကိုင်တာတွေ ရှိလာနိုင်တဲ့အတွက် ဗီဇာမူဝါဒကော်မတီက ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။


news-view-count-icon

8