ဖေဖော်ဝါရီလ ၆ ရက်နေ့ ၂၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရဲမြင့်မာန်(ခ)ရဲမြင့် မောင်းနှင်ပြီး မြင့်မြတ်အောင်(ခ)ဟာဆန်လေး လိုက်ပါလာသည့် NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ Tramadol ဆေးတောင့် ၉၉,၀၀၀ တောင့်(ဒေသကာလတန်ဖိုးငွေကျပ် ၃၉၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၁၀၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သက်ဟိန်း(ခ)ချိုအိုက် အား ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်တွင် PROBOX အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၃၃၀ အချိန် မြင့်နိုင်(ခ)မိုဟာမက်ဇူဘေး အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်တွင် JETOUR DASHING မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၁၀၀ အချိန် တင်သန်းဦး(ခ)ဝကီး(ခ)ဘိုင်ဝေါ်ကီ အား ၎င်းနေထိုင်သည့် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်းရှိ နေအိမ်တွင် တရားမဝင် ဓာတုပစ္စည်း Tinner ၁,၀၈၀ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၂၁.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၁၂၀ အချိန် မနီနီအေး အား ၎င်းနေထိုင်သည့် သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ရဲမြင့်မာန်(ခ)ရဲမြင့်(၃၈)နှစ်၊ မြင့်မြတ်အောင်(ခ)ဟာဆန်လေး(၁၈)နှစ်၊ သက်ဟိန်း(ခ)ချိုအိုက်(၂၈)နှစ်၊ မြင့်နိုင်(ခ)မိုဟာမက်ဇူဘေး(၄၂)နှစ်၊ တင်သန်းဦး(ခ)ဝကီး(ခ)ဘိုင်ဝေါ်ကီ(၃၀)နှစ်နှင့် မနီနီအေး(၃၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။



