menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပြည်နယ်အားကစားကွင်းအနီး လူနေတိုက်ခန်းများ ဖယ်ရှားရေးအပေါ် ပြန်လည်စဉ်းစားပေးရန် အသနားခံ

Feb 11 • 3:38 PM

breaking-news

Myanmar

Shan

Share

share-news
cover

ပြည်နယ်အားကစားကွင်းအနီး လူနေတိုက်ခန်းများ ဖယ်ရှားရေးအပေါ် ပြန်လည်စဉ်းစားပေးရန် အသနားခံ

ရှမ်းပြည်နယ် တောင်ပိုင်း၊‌ တောင်ကြီးမြို့ရှိ ရတနာထွန်း မြို့ပြအိမ်ယာစီမံကိန်းအဖြစ် တည်ဆောက်ရောင်းချခဲ့သည့် လူနေတိုက်ခန်းများနှင့် ပတ်သက် ၍ နေထိုင်သူများက မူလကြေ...

cover-photo

ရှမ်းပြည်နယ် တောင်ပိုင်း၊‌ တောင်ကြီးမြို့ရှိ ရတနာထွန်း မြို့ပြအိမ်ယာစီမံကိန်းအဖြစ် တည်ဆောက်ရောင်းချခဲ့သည့် လူနေတိုက်ခန်းများနှင့် ပတ်သက် ၍ နေထိုင်သူများက မူလကြော်ငြာစာတွင် ဖော်ပြထားသည့် “ရာသက်ပန် နေထိုင်ခွင့်” စည်းကမ်းအရ ပြန်လည်သုံးသပ်ပေးရန် အသနားခံတောင်းဆိုလျက်ရှိကြသည်။နေထိုင်သူများ၏ ပြောကြားချက်အရ အဆိုပါ တိုက်ခန်းများကို မြို့ပြစီမံကိန်းအဖြစ် ရောင်းချခဲ့ခြင်းဖြစ်ပြီး “အာကာတိုက်ခန်း (နှစ် ၃၀ စာချုပ်)” ဟူသော စည်းကမ်း မပါရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ကြော်ငြာစာ အမှတ် (၄) တွင် “ရာသက်ပန် နေထိုင်ခွင့် ရှိသည်” ဟု တိတိကျကျ ဖော်ပြထားခဲ့ကြောင်း ဆိုသည်။တိုက်ခန်းဝယ်ယူစဉ် သတ်မှတ်စျေးနှုန်းအတိုင်း အပြည့်အဝ ပေးချေခဲ့ကြပြီး ယနေ့အထိ လစဉ် ကြေးများကိုလည်း ပေးဆောင်နေထိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုက်ခန်းများ ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်းမှာ မူလရောင်းချစဉ် စည်းကမ်းများနှင့် ကွဲလွဲမှု ရှိနေကြောင်း နေထိုင်သူများက ထောက်ပြကြသည်။လက်ရှိတွင် တိုက်ခန်းနေထိုင်သူများအနက် အငြိမ်းစားဝန်ထမ်းများနှင့် အသက်ကြီးသူများ ပါဝင်နေပြီး အခြားနေရာသို့ ချက်ချင်း ပြောင်းရွှေ့နိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မူလကြော်ငြာစာပါ စည်းကမ်းများနှင့် ကိုက်ညီစွာ ပြန်လည်သုံးသပ်ပေးရန်နှင့် လူမှုရေးအခြေအနေများကို ငဲ့ညာစဉ်းစားပေးရန် ငြိမ်းချမ်းစွာ အသနားခံတောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။



news-view-count-icon

19

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဟိုက်ပါရေတံခွန်သို့ အပူရှောင်လာရောက် လည်ပတ်သူ ပိုများလာ

ဝေါမြို့နယ်နှင့် သထုံမြို့တို့တွင် မူးယစ်​ဆေးဝါးများနှင့် တရားမဝင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

cover-photo
right-arrow-icon