ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါရွာ ဟိုက်ပါရေတံခွန်တွင် ဒေသတွင်း ဒေသခံသာမက အောက်ပြည်ဖက်မှပြည်တွင်း ခရီးသွားများလည်း အခုနှစ်လာရောက်လည်ပတ်သူ ပိုများလာကြောင်း ဒေသခံထံမှ သိရသည်။ဟိုက်ပါရေတံခွန်အလည်လာသူများ အနေဖြင့် ဝင်ကြေးပေးရန်မလိုဘဲ ဒေသတွင်း အစားစာ ရိုးရာအထည်နှင့် စက်လှေစီးရင်း ဒေသခံများ၏ ဝင်ငွေလမ်းကြောင်းကို တစ်ဖက်တလမ်းမှ အားပေး၍ ရကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် ချောင်းအတွင်း ရေကူးရင်း ရေနစ်သေဆုံးသွားသည့် ဖြစ်စဥ်လည်း ရှိခဲ့သောကြောင့် လာရောက်လည်ပတ်သူများအနေဖြင့် ချောင်းအတွင်းရေကူးမည်ဆိုလျှင် သတိထားပြီးကူးကြရန်လိုကြောင်း သေခံက သတိပေးထားသည်။



