မန္တလေးမြို့မှာ ငလျင်ကြောင့် ပြိုကျခဲ့ရပြီး လူ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့Sky Villa ကွန်ဒိုတည်ဆောက်ခဲ့တဲ့ဦးနိုင်ထွန်းလင်းကို မန္တလေးအမှတ်(၁) ရဲစခန်းမှာပုဒ်မ၃၀၄ (က)နဲ့ အမှုဖွင့်ထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အဆိုပါအမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ပေါ့ လျော့လို့ လူတွေသေစေခဲ့တဲ့အတွက် ပုဒ်မ ၃၀၄ ( က) နဲ့ အမှတ် ၁ ရဲစခန်းမှာ အမှု့ဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။ မီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တွေအရ SkyVilla ပြိုကျမှုဖြစ်စဥ်အတွင်း လူ(၂၀၇)ဦးရဲ့ရုပ်အလောင်းများကို ရှာဖွေနိုင်ခဲ့ပြီး လူ(၅၃)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။



