back

ဒီးမော့ဆိုအနောက်ခြမ်း၊ ရေတွင်းပျက်ထဲက လူအရိုးစုကို ဆယ်ယူပြီး မြေမြှုပ်သင်္ဂြိုလ်ပေး

Feb 11 • 2:14 PM

breaking-news

Myanmar

Kayin

cover

ဒီးမော့ဆိုအနောက်ခြမ်း၊ ရေတွင်းပျက်ထဲက လူအရိုးစုကို ဆယ်ယူပြီး မြေမြှုပ်သင်္ဂြိုလ်ပေး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့ လူအရိုးစုတွေကို ပြန်လည်ဆယ်ယူပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကောင်းမ...

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့ လူအရိုးစုတွေကို ပြန်လည်ဆယ်ယူပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဆယ်ယူထားတဲ့ အရိုးစုတွေက အပိုင်းအစဖြစ်နေတာကြောင့် မည်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်ပေမယ့် လူအရိုးစု နဲ့ အဝတ်အစားတွေအရ ၄ ဦးဖြစ်နိုင်ပြီး အရပ်သားတွေသာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။


news-view-count-icon

21