back

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး တည်ဆောက်မှု လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး

Feb 11 • 2:13 PM

breaking-news

Myanmar

Magway

cover

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး တည်ဆောက်မှု လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီး  မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌  ဗုဒ္ဓဇယန္တီ ဗိမာန်တော်ကြီးကို တည်ဆောက်လျက် ရှိရာ လက်ရှိတည်ဆောက်မှုလုပ်ငန်းများ ၈၀  ရာခိုင်နှုန်းကျော်  ...

မကွေးတိုင်းဒေသကြီး  မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌  ဗုဒ္ဓဇယန္တီ ဗိမာန်တော်ကြီးကို တည်ဆောက်လျက် ရှိရာ လက်ရှိတည်ဆောက်မှုလုပ်ငန်းများ ၈၀  ရာခိုင်နှုန်းကျော်  ပြီးစီးနေပြီဖြစ် ကြောင်း မကွေးမြို့ မြသလွန်စေတီတော် မြတ်ကြီး ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။မြသလွန်စေတီတော်မြတ်ကြီးသို့ အနယ် နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသော  ဘုရားဖူးပြည်သူများ  အဆင်ပြေ ကျယ်ဝန်းစွာနားနေနိုင်စေရန် မြသလွန် စေတီတော်မြတ်ကြီး  ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်  အဆိုပါဗုဒ္ဓ ဇယန္တီ ဗိမာန်တော်ကြီးကို ငွေကျပ် သိန်း ၂၄၀၀၀ ကျော် အကုန်အကျခံတည်ဆောက် နေခြင်းဖြစ်သည်။အဆိုပါ မကွေးမြို့ မြသလွန်စေတီတော် မြတ်ကြီး၌ အသစ်တည်ဆောက်လျက်ရှိသော   ဗုဒ္ဓဇယန္တီ ဗိမာန်တော်ကြီးသည် အကျယ်အဝန်းအားဖြင့် အလျား ၉၆ ပေ၊ အနံပေ ၃၀ ရှိကြောင်း၊  မြသလွန်စေတီ တော်မြတ်ကြီး၌  ယခင်တည်ဆောက်ထားသော   တန်ဆောင်းတော်များနှင့်  ဗိမာန်တော်များလည်းရှိပြီး ယခုအခါ ဗိမာန်တော်ကြီးကို အသစ်တည်ဆောက်နေသည့်အတွက် ဘုရားဖူးလာပြည်သူများ ပိုမိုကျယ်ဝန်းစွာ နားနေနိုင်မည်ဖြစ်ကြောင်း သိရသည်။ 



news-view-count-icon

33