back

ပန်းတောင်း၊ ကံမလမ်းခွဲအကျော်မှာ ဆန်တင် (၁၂) ဘီးကား ချောက်ထဲကျ (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ

Feb 11 • 2:12 PM

breaking-news

Myanmar

Bago

cover

ပန်းတောင်း၊ ကံမလမ်းခွဲအကျော်မှာ ဆန်တင် (၁၂) ဘီးကား ချောက်ထဲကျ (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ

ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပဲခူးတိုင်းအနောက်ခြမ်၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကံမလမ်းခွဲအ‌ကျော်၊ရွာသစ်ကုန်းကျေးရွာအနီး၊ ပြည်-တောင်ကုတ် က...

ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပဲခူးတိုင်းအနောက်ခြမ်၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကံမလမ်းခွဲအ‌ကျော်၊ရွာသစ်ကုန်းကျေးရွာအနီး၊ ပြည်-တောင်ကုတ် ကားလမ်းမကြီး ရှုခင်းသာအဆင်းမှာ ပန်တောင်းဘက်မှ ပြည်ဘက်ကို မောင်းနှင်လာတဲ့ (၁၂) ဘီးကား ဟာ လမ်းဘေးချောက်ထဲကို ထိုးကျပြီး အမျိုးသား(၁) ဦး ကားထဲညပ် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ကားတိမ်းမှောက်မှုမှာ သေဆုံးသူ(၁) ဦးအပြင် ထိခိုက်ဒဏ်ရာရသူ (၃) ဦးလည်း ရှိခဲ့တဲ့အတွက် အရေးပေါ် အသက်ကယ်ကုသပေးပြီး ပြည် ကုတင်(၅၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။သေဆုံးသူအမျိုးသားကိုတော့ ပန်းတောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



news-view-count-icon

17