back

ရဲရွာက​ရေလွှတ်လို့ ဒုဌဝတီမြစ်ရေ ရုတ်တရက်တက်လာပြီး စားသောက်ဆိုင်အချို့ ရေမြုပ်

Feb 11 • 2:11 PM

breaking-news

Myanmar

Mandalay

cover

ရဲရွာက​ရေလွှတ်လို့ ဒုဌဝတီမြစ်ရေ ရုတ်တရက်တက်လာပြီး စားသောက်ဆိုင်အချို့ ရေမြုပ်

ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားအနီး၊ ဒုဌဝတီမြစ်မှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ ဆည်ကနေ ဆည်ရေတွေ လွှတ်လိုက်တာကြေ...

ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားအနီး၊ ဒုဌဝတီမြစ်မှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ ဆည်ကနေ ဆည်ရေတွေ လွှတ်လိုက်တာကြောင့် မြစ်အလယ်သောင်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့တာဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။ လူထိခိုက်မှုမရှိပေမယ့် အိုးခွက်ပန်းကန်တွေ၊ ခုံတွေ မျောပါဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲရွာရေအားလျှပ်စစ်ကနေ ညပိုင်းတွေမှာ ရေလွှတ်လေ့ရှိပြီး မနက်လင်းရင်တော့ ပြန်ကျသွားတတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မကြာခင် ရွှေစာရံဘုရားပွဲ ရောက်တော့မှာဖြစ်ပြီး ဘုရားဖူးဧည့်သည်တွေဟာ ဒုဌဝတီမြစ်ထဲ ရေ

ဆင်းကစားလေ့ရှိကြောင်း၊ ယခုလို ရုတ်တရက် ရေတက်လာတာနဲ့ကြုံရင် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။




news-view-count-icon

20