ကြက်သွန်ပေါ်ချိန် ဈေးကျသဖြင့် တောင်သူများညည်းတွားနေကြကြောင်း အထက်အညာဒေသကြက်သွန်စိုက် တောင်သူများထံမှ သိရပါတယ်။လက်ရှိပေါက်ဈေးအတိုင်းဆိုလျှင် စိုက်စရိတ်တောင်မကျေနိုင်သဖြင့် တောင်သူအများအပြား စိတ်သောက ရောက် နေကြခြင်းဖြစ်ကြောင်းသိရပါသည်။ဈေးကျရခြင်းအကြောင်းအရင်းနှင့်ပတ်သက်၍ ရာသီပေါ်ချိန်စကတည်းက ဈေးကွက်သို့ အလုံးအရင်းဖြင့် ဝင် ရောက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရပြီး၊ ထို့အတွက် တောင်သူများဘက်က အလောတကြီးဖြင့် မတူးဖော် မရောင်းချကြရန် ကုန်သည်အချို့က တိုက်တွန်းပြောဆိုထားပါတယ်။ရန်ကုန်နှင့်မန္တလေးဈေးကွက်အတွင်း လူကြိုက်များသည့် မြစ်သားကြက်သွန်မှာ ဖေဖော်ဝါရီ ၁၀ ရက် ပေါက် ဈေး အနေနှင့် ရှယ် တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ လတ်ကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ လတ်သန့်တစ်ပိဿာ လျှင် (၂၄၀၀)ကျပ်၊ လတ်ချောတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြစ်ကြောင်း သိရပါတယ်။



