ယနေ့ ဖေဖော်ဝါရီ ၁၁ရက် နေ့လည်ပိုင်းအချိန်က ကလေးငယ်ကို ရိုက်နှက်ပြီးနောက် ကားလမ်းမပေါ် တရွက်တိုက်ဆွဲခေါ်နေတဲ့ မိခင်ဖြစ်သူကို လမ်းသွားလမ်းလာတွေက တားဆီးကြပေမယ့် ပြန်လည်အော် ဟစ်ဆဲဆိုပြီး ဆက်လက်ရိုက်နှက်ခဲ့ပါတယ်။ရိုက်နှက်ခဲ့သူ အမျိုးသမီးကို မြို့နယ်ပရဟိတအဖွဲ့တွေက ရှာဖွေဖမ်းဆီးခဲ့ပြီး ရပ်ကွက်ရုံးကို ပို့ဆောင်စစ် ဆေးခဲ့ရာတွင် သူမက ပလုံကောက်သူတဦးဖြစ်ပြီး ကလေးတွေအတွက် စားဝတ်နေရေး အဆင်မပြေတဲ့ အတွက် ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ရိုက်နှက်ကိုင်ပေါက်ခံရတဲ့ ကလေးငယ်ကတော့ သူ့ရဲ့မိခင်ဖြစ်သူနဲ့ မနေလိုတဲ့အတွက် ရပ်ကွက်ရုံးမှာ ခေတ္တခေါ်ဆောင်ထားပြီး ရိုက်နှက်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ဆန္ဒအရ ပရဟိတဂေဟာတစ်ခုကို ပို့ဆောင်ပေးနိုင် ရန်အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



