back

တရုတ်ထုတ် ကုန်တင်လာသည့် ကားများကို ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်း

Feb 11 • 11:55 AM

breaking-news

Myanmar

Shan

cover

တရုတ်ထုတ် ကုန်တင်လာသည့် ကားများကို ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်း

ရှမ်းမြောက် ကောင်းလန်းဂိတ်နှင့် ရှမ်းတောင် ကျေးသီးမြို့ဂိတ်တို့တွင် တရုတ်ထုတ်ကုန် တင်လာသည့်ကားများကို ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်းမှုကြောင့် အချိန်ကြန့်ကြာမှ...

ရှမ်းမြောက် ကောင်းလန်းဂိတ်နှင့် ရှမ်းတောင် ကျေးသီးမြို့ဂိတ်တို့တွင် တရုတ်ထုတ်ကုန် တင်လာသည့်ကားများကို ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်းမှုကြောင့် အချိန်ကြန့်ကြာမှုနှင့် အခက်ခဲကို ကြုံရကြောင်း ဒေသခံထံမှ သိရသည်။စစ်ဆေးရေးဂိတ်တွင် တင်းကြပ်မှုကြောင့် ကားဆရာများ ကွေ့လမ်းမှတဆင့် ဖြတ်သန်းသွားလာရမှုကြောင့် တစ်ရက်တည်းရောက်မည့် ခရီးကို မရောက်ဘဲ လမ်းတွင် တစ်ရက်အိပ်ရကြောင်း သိရသည်။ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်ပိတ်ပင်လိုက်မှုကြောင့် တရုတ်မြန်မာနယ်စပ် မူဆယ် ရွှေလီဘက်မှတဆင့် ကုန်များ ပြန်ယူရောင်းသည့် ကုန်သည်များလည်း ဒုက္ခရောက်ကြောင်း သိရသည်။




news-view-count-icon

35