သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှဖြစ်စဉ်သည် ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ သတင်းအရ (ဆ/က) ရပ်ကွက်အတွင်းသွားရောက်စစ်ဆေးရာ အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင် မောင်းနှင်ကာ ဇော်မျိုးဆွေ လိုက်ပါလာသည့် TOYOTA Mark X အမျိုးအစား ယာဉ်ပေါ်မှ ကာလပေါက်ဈေး ကျပ် သိန်း ၉၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့သည်။ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့မှာပင် အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဦးသန်းမောင် နှင့် ဦးကျော်ဇော်လှတို့ကို တာမွေမြို့နယ်၊ (၁၆၅)လမ်းထောင့်တွင်လည်းကောင်း၊ အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင် ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နေအိမ်အတွင်းမှ ကာလပေါက်ဈေး ကျပ်သိန်း ၁၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀ ပြားကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ထိုဖမ်းဆီးရမိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်များလည်း ဆက်လက်ဖော်ထုတ်သွားမည်ဟု ဆိုထားသည်။



