ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ကျားဖြန့်များသည် အခြားသူများ၏ မှတ်ပုံတင် နံပါတ်ကို အသုံးပြု၍ Kpay၊ Waveအကောင့်ဖွင့်ပြီး ငွေလိမ်လည်မှု ရှိနေ၍ သတိပြုရန်လိုကြောင်း ဖေဖော်ဝါရီ(၁၀)ရက်က သေခံထံ သိရသည်။မှတ်ပုံတင် နံပါတ်ပေးရုံဖြင့် ငွေ(၃)တောင်းကျပ် ပေးမည်ဟု Tiktokနှင့် Telegramအကောင့်တွင် လာရောက် စည်းရုံးမှု ရှိနေကြောင်း ရှမ်းတောင်ဒေသခံထံမှ သိရသည်။တစ်ဖက်တွင်လည်း ကျားဖြန့်မှ ဘဏ်အကောင့်ဖွင့်၍ ငွေလွဲငွေထုတ်ပြုလုပ်နေသည့် စာရင်းကိုကြည့်ကာ မှတ်ပုံတင်ပိုင်ရှင်ကို ဖမ်းဆီးမှု ရှိနေကြောင်း ခရမ်းချန်နယ်မှ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။မှတ်ပုံတင်နံပါတ်ပေးခဲ့၍ ကျားဖြန့်၏ အလွဲသုံးစား လုပ်မှုကြောင့် စစ်ဆေးဖမ်းဆီးခံရသည့် ခရမ်းမြို့သား(၁၀)ဦးထပ် မနည်းရှိနေကြောင်း သိရသည်။



