back

စင်ကာပူရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် (၆) လ အောက်ကျန်ရှိနေသူများကိုသာ Walk -in စနစ်ဖြင့်ဆောင်ရွက်ပေးမည်

Feb 11 • 7:43 AM

breaking-news

Myanmar

Local

breaking-news
cover

စင်ကာပူရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် (၆) လ အောက်ကျန်ရှိနေသူများကိုသာ Walk -in စနစ်ဖြင့်ဆောင်ရွက်ပေးမည်

စင်ကာပူရောက်မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ခြင်းကို အသက် (၆၅) နှစ်နှင့် အထက်ရှိသူများ၊ နေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ သ...

စင်ကာပူရောက်မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ခြင်းကို အသက် (၆၅) နှစ်နှင့် အထက်ရှိသူများ၊ နေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ သက်တမ်း (၆) လ အောက်ကျန်ရှိနေသူများကိုသာ Walk -in စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး (စင်ကာပူမြို့) က အသိပေးထုတ်ပြန်ချက်အရ သိရသည်။နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရက်ချိန်းရယူခြင်းကို အခမဲ့စနစ်ဖြင့် ဆောင်ရွက်နေပြီး သံရုံး၏ whatapps နံပတ်များကတဆင့် ဆောင်ရွက်ပေးနေပြီး ရက်ချိန်းရယူရန်အချက်လက်များစတင်ပေးပို့သည့်နေ့မှစ၍ နှစ်ပတ်အတွင်း စိစစ်စာရင်းပြုစုပြီး ကြေညာပေးနေခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

39