back

မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၅၀၀ မြန်မာ လှူဒါန်း

Feb 11 • 7:47 AM

breaking-news

Myanmar

Local

breaking-news
cover

မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၅၀၀ မြန်မာ လှူဒါန်း

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ကို ဖေဖော်ဝါရီ ၉ ရက်က လွှဲပြောင်း ပ...

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ကို ဖေဖော်ဝါရီ ၉ ရက်က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။အဆိုပါ အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မစ္စချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေး အန္တရာယ် စီမံခန့်ခွဲရေး စင်တာနှင့်ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆန်တန်ချိန် ၅၀၀ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်ကသီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ် ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဝါဆန်သာ ဆာမာရာဆင်ဟဲထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


news-view-count-icon

38