ဖရုံစေ့က အရွယ်အစားသေးငယ်ပေမယ့် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အနည်းငယ်မျှစားရုံဖြင့် အာဟာရဓာတ်ရရှိမှုကို အထိရောက်ဆုံး မြှင့်တင်ပေးနိုင်ပါတယ်။ ပရိုတိန်းပြည့်စုံစွာပါဝင်တဲ့ ဖရုံစေ့ထဲမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့.. (၁) မဂ္ဂနီဆီယံ - ဖရုံစေ့က မဂ္ဂနီဆီယံ သဘာဝအတိုင်း အများဆုံးပါဝင်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်ထိန်းခြင်း၊ အရိုးကျန်းမာရေး ထောက်ကူပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်းတို့အပြင် ကြွက်သားနဲ့ အာရုံကြောစနစ်တို့ကို ငြိမ်သက်စေပါတယ်။ (၂) ကောင်းကျိုးပြုအဆီများ - နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ ပါဝင်ကာ မကောင်းတဲ့ ကိုလက်စထရောတွေ လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောတွေ မြှင့်တင်ပေးပါတယ်။



