back

ပြည်တွင်းတွင် အများပြည်သူရုံးပိတ်ရက်များ၌ ဘဏ်များပိတ်ထားမည်

Feb 11 • 7:24 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်းတွင် အများပြည်သူရုံးပိတ်ရက်များ၌ ဘဏ်များပိတ်ထားမည်

ဖေဖော်ဝါရီလအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များ၌ ဘဏ်များပိတ်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထားသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူရုံ...

ဖေဖော်ဝါရီလအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များ၌ ဘဏ်များပိတ်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထားသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူရုံးပိတ်ရက်များအတွင်း ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းအသိပေးကြေညာထားသည်။၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ သည် ပြည်ထောင်စုနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ ဖြစ်သည့်အတွက် အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအားလုံး (ရုံးချုပ်နှင့် ဘဏ်ခွဲများ) ကိုပိတ်ထားမည်ဖြစ်သည်။ထို့အပြင် ဘဏ်များပိတ်ထားသည့် ကာလအတွင်း မိဘပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ Digital Banking စနစ်များဖြစ်သည့် Mobile Banking ဝန်ဆောင်မှုInternet Banking ဝန်ဆောင်မှု E-Wallet (Electronic Wallet) ဝန်ဆောင်မှုများကို (၂၄) နာရီပတ်လုံး ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အသုံးပြုသူ မိဘပြည်သူများအနေဖြင့် အဆိုပါရုံးပိတ်ရက်များအတွင်း ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာဘဏ်များ၏ တရားဝင် Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။


news-view-count-icon

37