back

အင်ဂျင်ပြဿနာကြောင့် ကားအစီး ၉၀,၀၀၀ နီးပါး BMWမှ သိမ်းဆည်းနေ

Feb 11 • 7:18 AM

breaking-news

Myanmar

International

cover

အင်ဂျင်ပြဿနာကြောင့် ကားအစီး ၉၀,၀၀၀ နီးပါး BMWမှ သိမ်းဆည်းနေ

BMW ဟာ အင်ဂျင်ပြဿနာကြောင့် မြောက်အမေရိကရှိ ကားအစီးရေ ၉၀,၀၀၀ နီးပါးကို ပြန်လည်သိမ်းဆည်း နေကြောင်း အမေရိကန်အမျိုးသား အဝေးပြေးလမ်းမကြီး ယာဉ်ကြောဘေးကင်းရေး စီမံခ...

BMW ဟာ အင်ဂျင်ပြဿနာကြောင့် မြောက်အမေရိကရှိ ကားအစီးရေ ၉၀,၀၀၀ နီးပါးကို ပြန်လည်သိမ်းဆည်း နေကြောင်း အမေရိကန်အမျိုးသား အဝေးပြေးလမ်းမကြီး ယာဉ်ကြောဘေးကင်းရေး စီမံခန့်ခွဲရေးဌာနက ကြေညာခဲ့ပါတယ်။အခု ပြန်လည်သိမ်းဆည်းမှုမှာ မြောက်အမေရိကရှိ ကားအစီးရေ ၈၇,၃၉၄ စီး ပါဝင်ရာ အပူလွန်ကဲပြီး မီးလောင်နိုင်ခြေရှိတဲ့ အင်ဂျင်ချို့ယွင်းမှုကြောင့် ပြန်လည်သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာလအတွင်းကလည်း မြောက်အမေရိကရှိ ကားအစီးရေ ၁၄၅,၀၀၀ ကျော်ကို အပူလွန်ကဲပြီး မီးလောင်စေနိုင်တဲ့ ကားစတီယာရင် ချို့ယွင်းမှုကြောင့် ပြန်လည်သိမ်းဆည်းခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဖက်ဒရယ်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေဟာ ကားဂီယာတွေနဲ့ ဆက်စပ်နေတဲ့ ဘေးကင်းရေးပြဿနာ အစီရင်ခံစာတွေအပြီး Ford F-150 ပစ်ကပ်ထရပ်ကား ၁ ဒသမ ၂၇ သန်း ကို စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့တယ်လို့သိရပါတယ်။


news-view-count-icon

22