လတ်တလောတွင် မော်တော်ကားဈေးနှုန်းများမြင့်တက်နေမှုကြောင့် ငလျင်ဒဏ်သင့်ကားများကို ပြန်လည်ပြုပြင်၍ ရောင်းချမှုများရှိလာကြောင်း မန္တလေးဒေသခံ ကားပွဲစားများထံမှ သိရသည်။
ဈေးကွက်အတွင်း ကားကောင်းရှားပါးမှုကြောင့် ဝယ်လိုအားမြင့်တက်လာသည့်အပေါ် ငလျင်ဒဏ်သင့် ပျက်စီးခဲ့ရသည့် ကားများကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ကာ ရောင်းဝယ်မှုများလုပ်ဆောင်လာခြင်းဖြစ်သည်။အိမ်တွေပြိုပြီးပိတာတွေ၊ ထိခိုက်ပျက်စီးတဲ့ကားတွေအများကြီးပဲ။ အခုချိန်က ကားရှားနေတော့ အဲ့ဒါတွေ ပြန်ပြင်ပြီး ထုတ်ရောင်းလာကြတယ်။ ဈေးကောင်းလည်းရတယ်လေ"ဟု မဟာအောင်မြေမြို့နယ်မှ ကားပွဲစားတစ်ဦးက ပြောသည်။၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင် ထောင်နှင့်ချီသော နေအိမ်အဆောက်အဦများပျက်စီးခဲ့ပြီး မော်တော်ယာဥ်စီးရေ ၂၀၀ ကျော် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။လက်ရှိအချိန်တွင် မန္တလေးကားဈေးကွက်အတွင်း ကားရှားပါးလာမှုကြောင့် နယ်မြို့များမှ ကားများကိုပါ လိုက်လံရှာဖွေဝယ်ယူမှုများလည်း အများအပြားရှိလာကြောင်း သိရသည်။



