back

နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုမိုအသင်း ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်သို့ တက်ရောက်

Feb 11 • 4:43 AM

breaking-news

Myanmar

International

cover

နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုမိုအသင်း ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်သို့ တက်ရောက်

ကိုမိုအသင်းသည် မနေ့ကယှဉ်ပြိုင်ခဲ့သော ကိုပါအီတာလီယာ ကွာတားဖိုင်နယ်တွင် နာပိုလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ်...

ကိုမိုအသင်းသည် မနေ့ကယှဉ်ပြိုင်ခဲ့သော ကိုပါအီတာလီယာ ကွာတားဖိုင်နယ်တွင် နာပိုလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ နာပိုလီကွင်း၌ ယှဉ်ပြိုင်ရသော အဆိုပါပွဲတွင် ပုံမှန်ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ကိုမိုအသင်းက ၇-၆ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကိုမိုအသင်းသည် ၁၉၈၆ ခုနှစ်နောက်ပိုင်းတွင်မှ ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ဆီမီးဖိုင်နယ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဆီမီးဖိုင်နယ်၌ အင်တာမီလန်အသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပထမအကျော့ကို မတ်လဆန်းတွင်လည်းကောင်း၊ ဒုတိယအကျော့ကို ဧပြီ ၂၀ ဝန်းကျင်တွင်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ကာ၊ ဗိုလ်လုပွဲကိုမူ မေလ ၁၃ ရက်နေ့၌ ရောမမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

21