ရန်ကုန်-ဒလ မြစ်ကူးတံတား (ဒလတံတား) ဖွင့်လှစ်ပြီးနောက် ဒလမြို့နယ်ရှိ အိမ်ခြံမြေစျေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာသော်လည်း လက်တွေ့တွင် အရောင်းအဝယ်ဖြစ်မှု နည်းပါးနေသေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ လက်ရှိတွင် လမ်းမတန်းမြေကွက်များမှာ တစ်စတုရန်းပေလျှင် ကျပ် ၅ သိန်းဝန်းကျင်အထိ စျေးခေါ်မှုများရှိနေပြီး၊ တံတားအဆင်းရှိ ပေ ၄၀-၆၀ မြေကွက်များမှာ ကျပ်သိန်းသောင်းချီ စျေးပေါက်နေသော်လည်း စျေးကွက်မှာ စုံစမ်းမေးမြန်းသူသာရှိပြီး အမှန်တကယ် ဝယ်ယူသူ နည်းပါးနေခြင်းဖြစ်သည်။ မြို့ခံများနှင့် အကျိုးဆောင်အချို့၏ အဆိုအရ ဂရန်မြေနှင့် လယ်မြေများအားလုံး စျေးလိုက်တက်နေသော်လည်း အချို့မှာ စျေးကွက်အတွင်း စျေးဆွဲတင်ထားသည့် ပေါ်ပင်သဘောမျိုးသာ ဖြစ်နေကြောင်း သုံးသပ်ထားကြသည်။
Feb 11 • 4:42 AM
Myanmar
Yangon
Share
| 38 | 0 | 0 | 0 |


