back

အထူးလုပ်ငန်းသုံး လျှပ်စစ်ယာဉ်နှင့် ယန္တရားများအတွက် အကောက်ခွန် (၀%) ကင်းလွတ်ခွင့် ထုတ်ပြန်

Feb 11 • 4:41 AM

breaking-news

Myanmar

Local

cover

အထူးလုပ်ငန်းသုံး လျှပ်စစ်ယာဉ်နှင့် ယန္တရားများအတွက် အကောက်ခွန် (၀%) ကင်းလွတ်ခွင့် ထုတ်ပြန်

မြန်မာ့အကောက်ခွန်ဦးစီးဌာနသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘက်ထရီသုံးလျှပ်စစ် (BEV) အထူးလုပ်ငန်းသုံးယာဉ်များ၊ ဆောက်လုပ်ရေးယန္တရားများနှင့်...

မြန်မာ့အကောက်ခွန်ဦးစီးဌာနသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘက်ထရီသုံးလျှပ်စစ် (BEV) အထူးလုပ်ငန်းသုံးယာဉ်များ၊ ဆောက်လုပ်ရေးယန္တရားများနှင့် ဆက်စပ်အပိုပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့် (၀%) ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤကင်းလွတ်ခွင့်တွင် ကရိန်းကား၊ မြေဖောက်စက်၊ လူနာတင်ကားကဲ့သို့သော အထူးယာဉ်များအပြင် Excavator, Bulldozer, Forklift စသည့် စက်ယန္တရားများနှင့် ၎င်းတို့၏ ဆက်စပ်ဘက်ထရီ၊ မော်တာပစ္စည်းများလည်း အကျုံးဝင်မည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်စွမ်းအားနှင့် စက်မှုဝန်ကြီးဌာနတို့၏ ထောက်ခံချက်များဖြင့် MACCS စနစ်တွင် "EBVD" Code အသုံးပြု၍ တင်သွင်းနိုင်ပြီး၊ ယခုအခွင့်အရေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

26