ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အာရှလမ်းမပေါ်ရှိ လိုတပ်ကုန်တိုက်အနီးတွင် ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်က မြန်မာလူငယ်နှစ်ဦး မောင်းနှင်လာသည့် တိုယိုတာ Avanza ကားသည် လမ်းဘေးတွင် ရပ်နားထားသော ကုန်တင်တွဲကားတစ်စီးကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသည့် NISCO ကုမ္ပဏီဝန်ထမ်းများဖြစ်ကြသော မခင်နှင်းဝေနှင့် ကိုမျိုးမင်းဦးတို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် အမှတ် (၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်မောင်းနှင်လာစဉ် ယခုကဲ့သို့ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရုပ်အလောင်းများကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ထိုင်းရဲတပ်ဖွဲ့က သက်ဆိုင်ရာ မိသားစုနှင့် အလုပ်ဌာနများသို့ ဆက်သွယ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Feb 11 • 4:40 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


