ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောကျန်းမာရေး၊ အာဟာရချို့တဲ့ပြဿနာများအတွက် ဗိုက်တာမင်-ဘီ၁၂ ဖြည့်စွက်အားဆေးတွေ အသုံးပြုကြပါတယ်။ ဒါပေမဲ့ အလျင်စလို သွားလာလှုပ်ရှားနေရတဲ့ ခေတ်ကြီးမှာ အစာမရှိဘဲ ဖြည့်စွက်အားဆေးတွေ သုံးစွဲနေကြပါတယ်။ ဗိုက်တာမင်-ဘီ၁၂ နဲ့ပတ်သက်လာရင် အဆင်ပြေသလို သောက်သုံးနိုင်တယ်လို့ အက်စတာRVဆေးရုံမှ ဒေါက်တာ အာရာဗင်ဒါ S N က ပြောပါတယ်။ "ဗိုက်တာမင်-ဘီ၁၂ ဟာ အစာရှိရှိ မရှိရှိ သုံးစွဲနိုင်ပါတယ်။ အစာရှိနေလို့ ဗိုက်တာမင်စုပ်ယူမှုအပေါ် သက်ရောက်စေမှာ မဟုတ်ပါဘူး။ အစာမရှိတဲ့အချိန်မှာသောက်ရင် အနည်းငယ်ပိုမြန်ပြီး သက်ရောက်နိုင်ဖွယ် ရှိပါတယ်" လို့ ဒေါက်တာက ပြောပါတယ်။
အချို့သော လူတွေမှာတော့ အစာမရှိဘဲ သောက်သုံးတဲ့အခါ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းတို့ ကြုံရနိုင်တာကြောင့် အစာစားပြီးမှ သောက်သုံးသင့်ပါတယ်။



