ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် ရေပြင်အရင်းအမြစ် မျှဝေသုံးစွဲရေးအတွက် ၂၀၂၁ ခုနှစ်က ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာ (MoU 44) ကို ဖျက်သိမ်းရန် သက်ဆိုင်ရာ အစိုးရအေဂျင်စီများသို့ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ညွှန်ကြားလိုက်သည်။ အဆိုပါ သဘောတူညီချက်မှာ တိုးတက်မှုမရှိသည့်အပြင် ယခင်က အဆိုပြုထားသည့် ရေကြောင်းအရင်းအမြစ် ၅၀-၅၀ ခွဲဝေရေး အစီအစဉ်ကိုလည်း ဆက်လက်လက်ခံတော့မည် မဟုတ်ကြောင်း၊ ဖျက်သိမ်းရေးလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဤဆုံးဖြတ်ချက်သည် ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်တစ်ခုဖြစ်သလို ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘောဒီးယားနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများကြောင့် ပြည်သူလူထု၏ တောင်းဆိုမှုများ ပြင်းထန်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ရေပြင်အရင်းအမြစ် မျှဝေရန် ကမ္ဘောဒီးယားနှင့် ချုပ်ထားသည့် နားလည်မှုစာချွှန်လွှာကို ဖျက်သိမ်းမည်ဟု ထိုင်းဝန်ကြီးချုပ် ကြေညာ
Feb 11 • 4:10 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


