back

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၈ သိန်း ရရှိ

Feb 11 • 4:00 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၈ သိန်း ရရှိ

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေစဉ် မတော်တဆမှုဖြစ်ပွားကာ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးနိုင်ဝင်းအတွက် နစ်နာကြေးအဖြစ်...

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေစဉ် မတော်တဆမှုဖြစ်ပွားကာ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးနိုင်ဝင်းအတွက် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါနစ်နာကြေး ရရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် ထိုင်းအလုပ်အကိုင်ဌာနသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး သေဆုံးသူ၏ ဆွေမျိုးများနှင့်အတူ နယ်မြေခံရဲစခန်းတွင် လိုအပ်သည်များ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပေးမှုကြောင့် အလုပ်ရှင်သူဌေးက သေဆုံးသူ၏ မိသားစုဝင်များအား နစ်နာကြေး ဘတ် ၈ သိန်း ပေးအပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များကလည်း အဆိုပါညှိနှိုင်းမှုကို လက်ခံခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

11