မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား Naypyitaw State Academy တွင် ခေတ်မီဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ MoU အရ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်ဆိုင်ရာ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံး သိပ္ပံပစ္စည်းများနှင့် အထောက်အကူပြု Software များကို ပေးအပ်သွားမည်ဖြစ်ရာ ကျောင်းသားများ၏ သင်ကြားသင်ယူမှုနှင့် သုတေသနလုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယခုပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဒု-ဝန်ကြီး ဒေါက်တာဇော်မြင့်တို့က MoU ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။
Feb 11 • 3:59 AM
Myanmar
Naypyidaw
Share
| 22 | 0 | 0 | 0 |


