back

ရုရှားသံတမန်နေ့ အခမ်းအနားသို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

Feb 11 • 4:01 AM

breaking-news

Myanmar

International

cover

ရုရှားသံတမန်နေ့ အခမ်းအနားသို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံး၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပပြုလုပ်သည့် ရုရှားနိုင်ငံ၏ "သံတမန်နေ့" (Diplomat's Day) အခမ်းအနားသို့ ရုရှားသံအမတ်ကြီး၏ ဖိတ်ကြားချ...

ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံး၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပပြုလုပ်သည့် ရုရှားနိုင်ငံ၏ "သံတမန်နေ့" (Diplomat's Day) အခမ်းအနားသို့ ရုရှားသံအမတ်ကြီး၏ ဖိတ်ကြားချက်အရ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့သည်။ အဆိုပါ သံတမန်နေ့သည် ၁၅၄၉ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ပထမဆုံးသော နိုင်ငံခြားရေးရာဌာန စတင်ပေါ်ပေါက်ခဲ့သည့်နေ့ကို အစွဲပြု၍ သမ္မတ ပူတင်က ၂၀၀၂ ခုနှစ်တွင် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှားသံတမန်ရေးရာ ရိုးရာဓလေ့များကို ဂုဏ်ပြုရန်နှင့် ခေတ်သစ်သံတမန်ဆက်ဆံရေး၏ အရေးပါမှုကို လေးနက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24