မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာ၌ မသက်ဆိုင်သူများနှင့် နိုင်ငံတော်က သတ်မှတ်ထားသည့် အကြမ်းဖက်အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရန် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ကြက်ခြေနီအသင်းအနေဖြင့် မြေပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် နီးကပ်စွာပူးပေါင်းရန်၊ ဘက်လိုက်မှုမရှိဘဲ မျှတစွာကူညီရန်နှင့် ကြက်ခြေနီအခြေခံမူများအတိုင်း တိကျစွာလိုက်နာလျက် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပြီး၊ အဆိုပါအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Feb 11 • 3:33 AM
Myanmar
Local
Share
| 34 | 0 | 0 | 0 |


