back

အမေရိကန်ရေတပ်ကို တစ်စစီ ချေမှုန်းသည့် AI ဝါဒဖြန့်ဗီဒီယို အီရန် ထုတ်ပြန်

Feb 11 • 3:32 AM

breaking-news

Myanmar

International

cover

အမေရိကန်ရေတပ်ကို တစ်စစီ ချေမှုန်းသည့် AI ဝါဒဖြန့်ဗီဒီယို အီရန် ထုတ်ပြန်

လက်ရှိ အာရေးဘီးယန်ပင်လယ်တွင် တပ်စွဲထားသော အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင်သ င်္ဘောကြီးနှင့် အခြံအရံ စစ်သင်္ဘောအုပ်စုကို တစ်စစီ ချေမှုန်းသည့် မြင်ကွင်းမျာ...

လက်ရှိ အာရေးဘီးယန်ပင်လယ်တွင် တပ်စွဲထားသော အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင်သ င်္ဘောကြီးနှင့် အခြံအရံ စစ်သင်္ဘောအုပ်စုကို တစ်စစီ ချေမှုန်းသည့် မြင်ကွင်းများ ပါဝင်သော AI ဖြင့်ဖန်တီးသည့် ဝါဒဖြန့် ဗီဒီယိုတစ်ခုကို အီရန်ဘက်က ထုတ်ပြန်လိုက်သည်။ယင်းဗီဒီယိုတွင် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ အမိန့်ဖြင့် ဒုံးကျည်များ ကောင်းကင်ယံအပြည့် ပစ်ခတ် တိုက်ခိုက်နေသည့် မြင်ကွင်းများ၊ ရေငုပ်သင်္ဘောများမှ တော်ပီဒိုများနှင့် ရေမြှုပ်ဗုံးများ အသုံးပြုကာ USS Abraham Lincoln သင်္ဘောကြီးကို ရေအောက်မှ တစ်စစီ ပေါက်ကွဲ ပျက်စီးသွားသည်အထိ ပုံဖော် ဖန်တီးထားသည်။ယင်းဗီဒီယိုတွင် အီရန်ဗိုလ်ချုပ်များက ရေဒါများကို ကြည့်ရှု စစ်ဆေးပြီးနောက် ကမ်းခြေဒုံးပစ်စင်များမှ ဒုံးကျည် အလုံးပေါင်းများစွာ၊ ဒရုန်းများနှင့် တော်ပီဒိုများဖြင့် အလုံးအရင်းနှင့် ပစ်ခတ်တိုက်ခိုက်ပုံများ ပါဝင်သည်။

အမေရိကန်စစ်သင်္ဘောများ တစ်စစီ ပေါက်ကွဲနေချိန်တွင် အမေရိကန်စစ်သားများ ထိတ်လန့်ကြောက်ရွံ့ကာ အသက်လု ထွက်ပြေးနေကြသည့် ပုံရိပ်များကို AI ဖြင့် လုပ်ကြံ ဖန်တီးထားသည်။ထို့နောက် မီးခိုးလုံးများနှင့် မီးတောက်များအကြား အမေရိကန်ရေတပ်ကြီး ပျက်စီးသွားသည်ကို အီရန်စစ်သားများက အောင်ပွဲခံ ကြည့်ရှုနေသည့် မြင်ကွင်းဖြင့် အဆုံးသတ်ထားပြီး ယင်းဗီဒီယိုကို အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် - IRGC က ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များ၌ တင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အီရန်အနေဖြင့် နျူကလီးယားလက်နက် အစီအစဉ်ကို လုံးဝ စွန့်လွှတ်ရန်နှင့် ပြည်တွင်းဆန္ဒပြသူ ၃၆,၀၀၀ ကျော်ကို ရက်စက်စွာ နှိမ်နင်းနေမှုများ ရပ်တန့်ရန်၂ နိုင်ငံဆွေးနွေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ဆိုထားသည်။ နျူကလီးယားပိုင်ဆိုင်မှုကို မစွန့်လွှတ်နိုင်ဟုဆိုကာ ဆွေးနွေးရန် ခါမေနီဘက်က ငြင်းပယ်ထားသဖြင့် အမေရိကန်ဘက်က အီရန်ကို စစ်အင်အားအပြည့်ဖြင့် ဝိုင်းရံထားသည့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။



news-view-count-icon

22