back

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရန် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

Feb 11 • 3:28 AM

breaking-news

Myanmar

International

cover

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရန် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ၌ မြန်မာနိုင်ငံမှ ဆုရရှိသူများအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang ...

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ၌ မြန်မာနိုင်ငံမှ ဆုရရှိသူများအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။ ဝန်ကြီးက အာဆီယံဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုမှာ ကိုဗစ်-၁၉ မတိုင်မီထက် ကျော်လွန်ကာ ၂၀၂၅ ခုနှစ်တွင် ၁၄၄ သန်းအထိ ရှိလာခဲ့ပြီး ယင်းအနက် ထက်ဝက်ခန့်မှာ အာဆီယံနိုင်ငံအချင်းချင်း လည်ပတ်မှုဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဈေးကွက်သာမက မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားဧည့်သည်များ ပိုမိုရရှိနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အာဆီယံစံနှုန်းများနှင့်အညီ အရည်အသွေးမြင့် ဝန်ဆောင်မှုများပေးရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ယခုနှစ်တွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ၂၄ ဆု ထပ်မံရရှိခဲ့ပြီး စုစုပေါင်း ဆုပေါင်း ၁၅၈ ဆုအထိ ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

18