ဗီယက်နမ်နိုင်ငံ၏ ယူနက်စကို (UNESCO) စာရင်းဝင် ရှေးဟောင်းမြို့တော် ဟွိုင်အန်းတွင် ခရီးသွားများအတွက် အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်ရန်နှင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန် ရည်ရွယ်၍ အလိုအလျောက် လက်မှတ်ရောင်းစက် (၁၂) လုံးပါဝင်သော စမတ်လက်မှတ်စနစ်ကို ဖေဖော်ဝါရီ ၉ ရက် (တနင်္လာနေ့) က စတင်မိတ်ဆက်ခဲ့သည်။ ဤစနစ်တွင် ဘာသာစကား (၂၀) နီးပါး ပါဝင်ပြီး နိုင်ငံတကာ ငွေပေးချေမှုစနစ်များဖြင့် လက်မှတ်များကို တိုက်ရိုက်ဝယ်ယူ ဖြတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ခရီးသွားများသည် မိမိတို့၏ လက်ကိုင်ဖုန်းဖြင့် QR code ကို စကန်ဖတ်ရုံဖြင့် အမွေအနှစ်နေရာများ၏ အချက်အလက်များကို ၎င်းတို့နှစ်သက်ရာ ဘာသာစကားဖြင့် GenAI နည်းပညာသုံး အလိုအလျောက် အသံဖိုင်လမ်းညွှန်များမှတစ်ဆင့် နားဆင်လေ့လာနိုင်မည် ဖြစ်သည်။ ဤစီမံချက်သည် ရိုးရာလက်မှတ်အရောင်းကောင်တာများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပြီး ခရီးသွားလုပ်ငန်းကို ခေတ်မီပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။



