ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာသည် ကလပ်အသင်း၏ စည်းမျဉ်းသတ်မှတ်ချက်များအရ လာမည့် မတ်လ ၁၅ ရက်တွင် ကျင်းပမည့် ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ပြန်လည်ပါဝင်ယှဉ်ပြိုင်ရန်အတွက် လက်ရှိရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်သည်။ ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း အသင်း၏ စီမံခန့်ခွဲမှုပိုင်းကို ၂၀၂၁ ခုနှစ်မှစ၍ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ရာဖာယူစတေ ဦးဆောင်သည့် ကော်မရှင်က လွှဲပြောင်းတာဝန်ယူသွားမည်ဖြစ်သည်။ လာပေါ်တာသည် ယခုရွေးကောက်ပွဲတွင် ဗစ်တာဖောင့်၊ မက်စီရီယာ၊ ဇာဗီယာဗီယာယိုအန်နာ နှင့် ကမ်ပရူဘီတို့ကဲ့သို့ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင်မူ မဲအရေအတွက် ၃၀,၀၀၀ ကျော်ဖြင့် အနိုင်ရကာ ဒုတိယအကြိမ်မြောက် ဥက္ကဋ္ဌဖြစ်လာခဲ့သူ ဖြစ်ပါသည်။
Feb 11 • 3:22 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


