မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မြို့သူမြို့သားများသည် ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ (Walk for Peace) နှင့် Online မှတစ်ဆင့် ချိတ်ဆက်၍ သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ အသံမစဲမေတ္တာပို့သပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလဆုတ် ၁၁ ရက်) နံနက် ၄ နာရီမှ ၇ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ပြုလုပ်မည့် အဆိုပါအခမ်းအနားတွင် ပါဝင်လိုသည့် ဝတ်ရွတ်အဖွဲ့များနှင့် ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ သတ်မှတ်ထားသော ဆက်သွယ်ရေးဖုန်းနံပါတ်များသို့ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် တက်ရောက်သူများအနေဖြင့် သတ်မှတ်ထားသော အဖြူရောင်နှင့် ယောဂီရောင် ဝတ်စုံများ ဝတ်ဆင်လာရမည်ဖြစ်ကြောင်း သိရှိရပါသည်။
သထုံမြို့၌ Walk for Peace အဖွဲ့နှင့်အတူ Online မှ ချိတ်ဆက်၍ ကမ္ဘာ့ငြိမ်းချမ်းရေး မေတ္တာပို့သပွဲ ကျင်းပမည်
Feb 11 • 3:21 AM
Myanmar
Mon
Share
| 43 | 0 | 0 | 0 |


