ပြည်တွင်း ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို စောင့်ကြည့်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်းများ လုပ်ဆောင်နေသဖြင့် ရွှေလုပ်ငန်းရှင်များ သတိပြုရောင်းဝယ်နေရကြောင်း ဆိုသည်။ပြည်တွင်းရွှေဈေး မတည်ငြိမ်စေရန် ရွှေတုံးရွှေခဲများကို ဝယ်ယူဖြန့်ဖြူးနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးများကို ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် လုပ်ငန်းရှင်များအနေဖြင့် ရွှေဈေးကွက်တည်ငြိမ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် မလိုက်နာသူများကို ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်သတိပေးထားသည်။လက်ရှိတွင် ၎င်းတို့သတ်မှတ်ထားသည့် ရွှေရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိမရှိကို လူလွှတ်စုံစမ်းစစ်ဆေးခိုင်းခြင်း၊ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချမှုမျိုးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းရှင်များကို ဆင့်ခေါ်စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
Feb 11 • 2:29 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


