စင်ကာပူနိုင်ငံထဲကို တရားမဝင် ရေကူးဝင်ရောက်လာပြီး Bishan က ကျောင်းဟောင်းတစ်ခုမှာ ကြေးနီနန်းကြိုးတွေ ခိုးယူခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ahamad Mahfuz ဆိုသူဟာ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှာ ထောင်ဒဏ် ၅ နှစ်ခွဲ (၆၀ လ) ချမှတ်ခံလိုက်ရပါတယ်။ ဒီလူဟာ အရင်ကလည်း စင်ကာပူထဲကို တရားမဝင်ဝင်ရောက်ခဲ့လို့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ပြည်နှင်ဒဏ်ပေးခံခဲ့ရဖူးသူဖြစ်ပြီး နိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ပြန်မလာဖို့ တားမြစ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၂၄ ခုနှစ် ဧပြီလဝန်းကျင်မှာ စင်ကာပူနိုင်ငံထဲကို တရားမဝင် ရေကူးပြီး ပြန်လည်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် အဆောက်အအုံပိုင်ရှင် (SLA) ဘက်က ကြေးနီကြိုးတွေကို ပြန်လည်ပြင်ဆင်တပ်ဆင်ဖို့အတွက် စင်ကာပူဒေါ်လာ ၅၅,၀၀၀ ခန့်အထိ ကုန်ကျမယ့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာတော့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ကြေးနီကြိုးတွေ အခိုးခံရကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ ပြတင်းပေါက်မှန်ပေါ်ကနေ Ahamad ရဲ့ လက်ဗွေရာတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သူ့ကို ချက်ချင်းပဲ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။အဖမ်းခံရတဲ့အချိန်မှာ Ahamad ရဲ့ အသုံးအဆောင်တွေထဲကနေ မူးယစ်ဆေးသုံးစွဲတဲ့ ကိရိယာတွေကိုပါ ရှာဖွေတွေ့ရှိခဲ့သလို ဆီးစစ်ဆေးချက်အရလည်း မက်သဖက်တမင်း (Ice) ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရပါတယ်။တရားရုံးမှာ စွဲချက်တင်စစ်ဆေးတဲ့အခါ Ahamad ဟာ တရားမဝင် ပြည်ဝင်မှု၊ အိမ်ဖောက်ထွင်းမှုနဲ့ မူးယစ်ဆေးဝါးဥပဒေ ချိုးဖောက်မှုတွေအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ 
စင်ကာပူထဲကို ရေကူးဝင်ရောက်ပြီး ကျောင်းဟောင်းတစ်ခုမှာ ကြေးနီကြိုးတွေခိုးယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး ထောင်ဒဏ်ချမှတ်ခံရ
Feb 11 • 2:27 AM
Singapore
Local News
Share
| 9 | 0 | 0 | 0 |


