back

စင်ကာပူတွင် ကလေးသူငယ် ဖျားယောင်းမှုဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး ထောင်နှင့် ကြိမ်ဒဏ်ချမှတ်ခံရ

Feb 11 • 2:26 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ကလေးသူငယ် ဖျားယောင်းမှုဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး ထောင်နှင့် ကြိမ်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံသား ၂၅နှစ်အရွယ် အမျိုးသားတစ်ဦး ဟာ လူငယ်အရွယ်ဟန်ဆောင်၍ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရားမဝင် လိ၊င်ဆက်ဆံခဲ့မှုအတွက် ထောင်ဒဏ် ၁၁ နှစ်နဲ့ ကြိမ...

စင်ကာပူနိုင်ငံသား ၂၅နှစ်အရွယ် အမျိုးသားတစ်ဦး ဟာ လူငယ်အရွယ်ဟန်ဆောင်၍ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရားမဝင် လိ၊င်ဆက်ဆံခဲ့မှုအတွက် ထောင်ဒဏ် ၁၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၀ ချက် ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။အမှုဖြစ်ပွားချိန်က ၂၀၂၃ ခုနှစ် ဩဂုတ်လကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပြီး သူဟာ Telegram မှတစ်ဆင့် အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။သူဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ Telegram bot ကနေတစ်ဆင့် ဆုံခဲ့ပြီး သူ့အသက်ကို ၁၅ နှစ်လို့ လိမ်ညာ ဖော်ပြထားတဲ့အတွက် မိန်းကလေးကစတင်သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်လက်စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ပထမဆုံးတွေ့ဆုံချိန်မှာလည်း သူ့အသက် ၁၅ နှစ်ပဲဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့ပါတယ်။ တရားရုံးကြားနာမှုမှာတော့ နစ်နာသူဖြစ်တဲ့ မိန်းကလေးဟာ သူ့ရဲ့အမှန်တကယ်အသက်ကို သိရှိခဲ့မယ်ဆိုရင် လိ၊င်ကိစ္စမပြုလုပ်ဖို့ ငြင်းဆန်ခဲ့မယ်လို့ ထွက်ဆိုခဲ့ပါတယ်။သူဟာ ယခင်ကလည်း လိင်ပိုင်းဆိုင်ရာမှုခင်းတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ဖူးပြီး အသက် ၁၀ နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးတွေကို ထိပါးစော်ကားခဲ့မှုတွေအတွက် ခံဝန်ဖြင့် ပြစ်ဒဏ်ဆိုင်းငံ့ခြင်းနဲ့ ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း လူထုအကျိုးပြု လုပ်အားပေးစေရန် အမိန့်ချမှတ်ခံထားရတာပါ။

news-view-count-icon

8