ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံ (BiH) ၌ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ်တင်သွင်းမှုမှာ ၈၇ ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာကြောင်း BiH ၏ သွယ်ဝိုက်အခွန်ကောက်ခံရေးအာဏာပိုင်အဖွဲ့ (ITA) မှ ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၆၈၂ စီး တင်သွင်းခဲ့ပြီး ယင်းတင်သွင်းမှု၏ စုစုပေါင်းတန်ဖိုးမှာ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားငွေကြေးဖြစ်သည့် 'convertible mark (ပြောင်းလဲနိုင်သော မာ့က်)' ၁၄.၅၉ သန်း (အမေရိကန်ဒေါ်လာ ၈.၈၆ သန်း) ရှိကြောင်း ITA မှ ထုတ်ပြန်ခဲ့သည်။ထိုကိန်းဂဏန်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသည့် တိုးတက်မှုဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် BiH သည် တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစီးရေ ၃၆၄ စီး တင်သွင်းခဲ့ပြီး 'convertible mark' ၇.၀၈ သန်း တန်ဖိုးရှိသည်။တင်သွင်းမှုတိုးတက်လာခြင်းမှာ ပိုမိုယှဉ်ပြိုင်နိုင်သော ဈေးနှုန်း၊ လျှပ်စစ်နှင့် ဟိုက်ဘရစ် မော်ဒယ်အမျိုးအစားပမာဏ များပြားလာမှုနှင့် တရုတ်ထုတ်လုပ်သူများနှင့် ဒေသခံဖြန့်ဖြူးသူများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြောင်း သိရသည်။ 
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံထံမှ BiH နိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းမှု ၈၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ITA ထုတ်ပြန်
Feb 11 • 2:20 AM
China
Local News
Share
| 9 | 0 | 0 | 0 |


