ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဟော့ဖန်ဟိမ်းအသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၏ အဆုံးအဖြတ်ပေးမည့် အဆင့်သို့ ရောက်ရှိစေခဲ့သည်ဟု တိုက်စစ်မှူး ဟယ်ရီကိန်းက ညွှန်းဆိုခဲ့သည်။ကိန်းမှာ ဘွန်ဒက်စ်လီဂါတွင် ၂၁ ပွဲ ကစားခဲ့ရာ ၂၄ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားသူဖြစ်သည်။ဘိုင်ယန်အသင်း နည်းပြချုပ် ဗင်းဆင့် ကွန်ပနီက အသင်းအနေဖြင့် ပြိုင်ပွဲတစ်ခုတည်းအပေါ် ဦးစားပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။"ကျွန်တော်တို့အတွက် ဆုဖလားတစ်လုံးက ကျန်တဲ့ဆုဖလားတွေအားလုံးထက် ပိုအရေးကြီးတယ်လို့ မထင်ပါဘူး။ ဆုဖလားအားလုံးက အရေးကြီးတာမို့ ရနိုင်သလောက် ဆုဖလားများများ ရယူချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ကိန်း၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ လူးဝစ်စ် ဒီယက်ဇ်က ဟက်ထရစ်သွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ဘိုင်ယန်အသင်းမှာ ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၁ အပြီးတွင် သွင်းဂိုးစုစုပေါင်း ၇၉ ဂိုးအထိ ရရှိထားသည်။
Feb 11 • 2:19 AM
Myanmar
International
Share
| 47 | 0 | 0 | 0 |


