မြန်မာယူ-၂၂လက်ရွေးစင်နည်းပြဟောင်း၊ ဂျပန်လူမျိုးနည်းပြ ကူရိုဆာကီ ကို နည်းပြခန့်ဖို့ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်သင်းက စိတ်ဝင်စားနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအရ သိရပါတယ်။ ဂျပန် ဂျေ-လိဂ်ကလပ် ကာရှီးမားအန်တလာ ကစားသမားဟောင်း ကူရိုဆာကီဟာ မြန်မာယူ-၂၂အသင်းကို ၂၀၂၅ခုနှစ်မှာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး အာဆီယံယူ-၂၃ချန်ပီယံရှစ်၊ အာရှယူ-၂၃ဖလားခြေစစ်ပွဲ နဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာမှာ နိုင်ပွဲတစ်ပွဲမှ မရခဲ့ဘဲ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိ မြန်မာနေရှင်နယ်လိဂ်မှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဂျပန်လူမျိုးနည်းပြ ယူကီက ရန်ကုန်ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ကူရိုဆာကီ သာ ရောက်လာခဲ့မယ်ဆိုရင် မြန်မာနေရှင်နယ်လိဂ်မှာ ဂျပန်နည်းပြ နှစ်ဦး ရှိလာမှာ ဖြစ်ပါတယ်။



