တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် APEC ခေါင်းဆောင်များ အစည်းအဝေး၌ ဦးတည်ချက် ရှင်းလင်းပြတ်သား၍ အကြောင်းအရာအားဖြင့် အနှစ်သာရပြည့်ဝသည့် အစည်းအဝေးရလဒ်မှတ်တမ်း လက်တွေ့ကျင့်သုံးမှုကို အားပေးမြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် APEC China အဆင့်မြင့်အရာရှိများ ပထမအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ထည့်သွင်းပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် လွတ်လပ်စွာကုန်သွယ်ရေးဧရိယာ ထူထောင်ရေးအတွက် လမ်းကြောင်းချဲ့ထွင်မှုကို တက်တက်ကြွကြွ လုပ်ဆောင်ကာ အပြန်အလှန်ချိတ်ဆက်မှုအဆင့်မြှင့်တင်ရေးအတွက် အနာဂတ်စီမံချက် ချမှတ်ရေးဆွဲမှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် APEC အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်၊ ဉာဏ်ရည်တုနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုကို တီထွင်ဆန်းသစ်မှု စွမ်းပကားဖြင့် အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက်လည်း ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က အလေးထားပြောကြားခဲ့သည်။


